Fulltone OCD Overdrive Pedal V2 Zaw Latt (ROS) zawlattrospedalboard

146 Views
ZawLatt ROS
ZawLatt ROS
05/25/23

⁣Overdrive & Distortion Pedal
OCD ကတော့သုံးရတာ အရိုးရှင်းဆုံး အလွယ်ကူဆုံး သော Drive Pedal ကောင်းလေးတစ်ခုပါ
အရှေ့မှာ Overdrive Pedal ရော Distortion Pedal ရောအများကြီးမဟုတ်ပေမယ့် ၆ မျိုး ၇ မျိုးပြောင်းပြောင်းပြီးသုံးခဲ့ဖူးတယ် နောက်ဆုံးတော့ ဒီဟာကိုပဲပြန်ငြိတာ အရှေ့မှာ ၂ ခါ ၃ ခါပြန်ပြန်ရောင်းပစ်ခဲ့ဖူးတယ် အဓိကက သူ့မှာ noise အနည်းငယ်ရှိတယ်ဆိုတဲ့ပြဿနာအစွဲပေါ့
ဒီကြားထဲ တချို့Pedal သုံးဖူးတယ် noise လုံးဝမရှိဘူး ဒါပေမယ့်ကျနော့်အတွက်အဲဒီ noise မရှိတာကကြာတော့ပြဿနာပါ ဘာ့ကြောင့်ဆိုအဲ့ဒီ သဘာဝထွက်နေတဲ့ noise အကုန်လုံးကိုစွဲချုပ်ထားသတ်ထားလိုက်တဲ့ system ပါတဲ့အတွက် တကယ် solo တီးတဲ့အချိန်မှာ drive ရဲ့ ရှိသင့်ထွက်သင့်တဲ့ noise ကိုချုပ်ထားတော့နားထဲမှာအဆင်မပြေတော့ဘူးခင်ဗျ လိုချင်တဲ့ sustain လည်းရပေမယ့် တခုခုလိုနေသလိုခံစားရတယ် ( တချို့ player ကလည်း noise မရှိမှတီးတတ်တာ ကြိုက်တာ ) နောက်ပိုင်းတော့ noise ထွက်တာသဘာဝ ပိုပြီးတော့လည်းအရသာရှိတယ်ဆိုတာသိသွားတယ်
​အဲ့ဒီကျေးဇူး အဲ့ဒီအသိဘယ်ကရခဲ့စခဲ့တာလည်းဆိုရင်

တာချီလိတ်ကဂီတကိုအရမ်းချစ်တဲ့ ဂီတဘက်ကိုအရမ်းစိတ်နှစ်ထားတဲ့ ဂီတဝါသနာအိုးကြီး Analog ပါပါကြီး အပျော်တမ်းဂီတာသမားကြီး ညီလိုအစ်ကိုလိုချစ်ရတဲ့သူငယ်ချင်းကြီး ကျေးဇူးရှင်ကြီး JAI နဲ့စတွေ့တဲ့အချိန်ကစခဲ့တာပဲ
2010 ကကျနော်တို့ instrumental အခွေတစ်ခွေတာချီလိတ်မှာသွားတီးကြတဲ့အချိန် သူ့ Studio သူပဲ Producer အဲ့မတိုင်ခင်ကျနော်တို့တတွေ multi effect processor တွေလောက်ပဲသိပြီး multi effect တွေထဲနစ်နေကြတဲ့အချိန်
သူ့ဆီမှာ Analog Single Pedal တွေကလွဲပြီး ဘာ multi effect မှမရှိဘူး ပထမတော့သွားပြီးပေါ့
နောက်မှဘယ်ဟုတ်မလဲကျနော်တို့လိုချင်တဲ့ guitar သံအစစ်တွေက ဒီ Analog တွေ ဒီ Amp တွေ ဒီ Speaker တွေဆီကမှရနိုင်တယ်ဆိုတာသူရှင်းပြခဲ့လို့လက်တွေ့သဘောပေါက်သွားပြီး Analog တွေကိုစငြိသွားတာ တကယ်တော့ noise တွေဆိုတာ တကယ့် Amp စစ်ရင်ရှိကိုရှိနေတာ ထွက်ကိုထွက်နေတာ Power ကောင်းလေထွက်လေပဲ
သူနဲ့တွေ့ပြီးအဲ့နောက်ပိုင်းတွေ multi effect တွေသုံးတဲ့ရေအိုင်ငယ်ထဲကနေ Analog ပင်လယ်ထဲကိုဦးတည်ခဲ့တော့တာပဲ
ဥပမာပေးရရင် multi effect ဆိုတာ DVD တစ်ချပ်ထဲမှာ ဇါတ်ကား ၁၀၀ လောက်ကိုထည့်ထားပေးတာနဲ့တူတယ် ရှိသမျှအသံတွေအကုန်ပါတယ်ဆိုတဲ့မက်လုံးနဲ့ဈေးချိုသက်သာအောင်ထုတ်ထားပေးတဲ့ဟာဖြစ်တဲ့အတွက်အပျော်တမ်းသုံးဖို့အတွက်ပဲအားပေးတယ် Quality ပိုင်းမှာ လိုအပ်တဲ့အသံ Power အပြည့်မရနိုင်တာမို့ Pro သမားတွေအတွက်တော့ရေရှည်အဆင်မပြေနိုင်ဘူး
Analog ကတော့ DVD တစ်ချပ်မှာဇါတ်ကားတစ်ကားပဲပါသလို အသံ Power က 100% အပြည့်ကိုထွက်တာ
အခုနောက်ပိုင်း တချို့သော multi effect ကောင်းတွေရှိနေပါပြီ quality ကောင်းသလိုဈေးကလည်းမြောက်လှပါတယ် ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့
ဒါပေမယ့် ကျနော့်နားစည်မှာတော့ Analog အသံကသံရည်ပူနဲ့လောင်းကပ်ထားသလိုစွဲနေပြီမို့တခြားအရာတွေမတိုးတော့ပါဘူး


#fulltone #zawlattrospedalboard #zawlattros

Show more

0 Comments Sort By

No comments found

Copyrighted.com Registered & Protected