Tremolo TR2 Boss, Zaw Latt (ROS) zawlattrospedalboard

0 Views   0 Purchases
ZawLatt ROS
ZawLatt ROS
05/25/23

⁣Tremolo TR2 Boss
ကျနော်တို့ကိုယ်ပိုင်ဖန်တီးခွင့်ရတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းအများစုရဲ့ electric guitar နဲ့တီးကြရတဲ့ pluckling လိုနေရာတွေမှာသုံးခဲ့သလို Overdrive နဲ့ Guitar Fill လေးတွေထည့်ရတဲ့နေရာတွေများလည်းသုံးခဲ့ကြတယ် ရုတ်တရက်နားထောင်ရင်မကြားနိုင်မသိနိုင်ပေမယ့် သေချာလေး Earphone နဲ့နားထောင်ရင် Guitar သံဟာ Tremolo wave လှိုင်းတွန့်လေးတွေနဲ့ကြားနေရတာကိုသိနိုင်ပါတယ် တခါတလေ သီချင်း tempo စည်းချက်နဲ့ညီနေသလို တခါတလေ စည်းချက်နဲ့မညီပါဘူး မညီပေမယ့်လည်း နားထောင်လို့ကောင်းနေပါတယ် နိုင်ငံခြား Country Song တွေက Clean သံတွေမှာတော့အများဆုံးတွေ့ရပါတယ် Metal သီချင်း Rock သီချင်းတွေမှာလည်းသုံးကြတာပဲ ဉာဏ်ရှိသလောက်ကွန့်လို့ရတဲ့ wave လှိုင်းလေးတွေပါ သီချင်း tempo နဲ့ကွက်တိဖြစ်အောင်ညီနေအောင်ချိန်ဖို့တော့ခက်ပါတယ် အချိန်တော်တော်ယူရသလို့ recording လိုအသံသွင်းတဲ့အချိန် တချို့နေရာတွေ တချို့သီချင်းတွေဆို တစ်ဘားချင်း နှစ်ဘားချင်း ဖြတ်ဖြတ်ပြီးအသံသွင်းယူမှရတဲ့အပိုင်းတွေရှိပါတယ်

အခုပြောပြပေးနေတဲ့ ( Ready For Tomorrow Page ) Recording Engineer က အသံလှိုင်းတွေအကြောင်းသေချာပိုသိတဲ့အတွက်ကျနော့်အစားပြောပြပေးနေုခြင်းဖြစ်လို့ဝါသနာပါသူတွေအတွက်အလွန်တန်ဖိုးရှိလှပါတယ်


ကမ္ဘာကျော်အဖွဲ့တွေဖြစ်တဲ့
Collective Soul အဖွဲ့ရဲ့ Heavy ဆိုတဲ့သီချင်းအစက Guitar intro မှာ Tremolo ကို Overdrive တွဲသုံးသွားတာလှလှပပတွေ့နိုင်သလို
Extreme အဖွဲ့ရဲ့ There Is No God ဆိုတဲ့သီချင်းအစမှာလည်းခန့်ခန့်ညားညားနဲ့လေးလေးကြီးထွက်လာတဲ့Guitarသံတွေကိုခံစားကြည့်ပါ
အဲ့ဒါတကယ်မိုက် တကယ်ခန့်တဲ့ Tremolo အသံပဲ


#tremolotr2boss #zawlattrospedalboard #zawlattros #bosseffect

Show more

0 Comments Sort By

No comments found

Copyrighted.com Registered & Protected