ADA GCS-6Guitar Cabinet Simulator, Zaw Latt (ROS) zawlattrospedalboard

2 Views   0 Purchases
ZawLatt ROS
ZawLatt ROS
05/25/23

⁣ADA GCS-6
Guitar Cabinet Simulator
ကျနော်တို့ဆီမှာအရင်ခေတ်တွေတုန်းက Guitar Amp နဲ့ Speaker တွေ Studio တိုင်းမှာရှိခဲ့ကြတယ်
2000 ခုနှစ်နောက်ပိုင်းတွေမှာ Di Box ဆိုတဲ့ဟာတွေကို Amp နဲ့ Speaker အစားသုံးလာကြတယ် ကိုယ်တွေလည်းအဲ့ဒီတုန်းကဘုမသိဘမသိနဲ့ရောယောင်ပြီးဝယ်ခဲ့ကြသေးတယ် ဈေးကလည်း ၆ သောင်းစွန်းစွန်းရှိတဲ့ Behringer အမျိုးအစားပေါ့ ( သိတာလည်းအဲ့ဒါလောက်သိတာ ) Studio ပိုင်ရှင်တချို့ကလည်း Amp တွေ Speaker တွေခေတ်မရှိတော့ဘူး မလိုတော့ဘူးဆိုပြီးရောင်းထုတ်ပစ်ကြတယ် အဲ့ဒီအချိန်ကပေါ်လာတဲ့ multi guitar effect တွေထဲမှာလည်း Amp Simulator ( ရှင်းရှင်းပြောရရင် Amp သံအတုတွေပေါ့ ) နားထောင်ရင်တော့ဟုတ်မလိုလိုပဲ ဒါပေမယ့် တကယ့် Amp နဲ့ယှဉ်ပြီးစမ်းတီးကြည့်ရင်တခြားစီပါ အတုနဲ့အစစ်ဟာဘာမှမဆိုင်ပါဘူး အဲ့လိုနဲ့ Studio တော်တော်များများမှာ Guitar Amp နဲ့ Speaker မရှိတော့ သူ့အစားသုံးရတဲ့ Guitar Cabinet Simulator ( GCS ) သုံးလာကြရင်း USA made ADA ကထုတ်တဲ့အရည်အသွေးမြင့် Di Box ADA GCS-2 mono ကိုနောက်ပိုင်းပြောင်းသုံးဖြစ်ခဲ့တာပဲ တော်တော်အဆင်ပြေတယ်ဆိုရမှာပေါ့ အရှေ့ကသုံးခဲ့တဲ့ Behringer အမျိုးအစားနဲ့ဘာမှမဆိုင်ပါဘူး Speaker ရဲ့အရှေ့မှာထားပြီးအသံဖမ်းတဲ့ Mic ရဲ့အကွာအဝေးကအစချိန်လို့ရတဲ့ခလုပ်တွေပါသလိုအသံပါဝါကလည်းထုနဲ့ထည်နဲ့ထွက်တယ် နောက်တော့ ADA GCS-3 ထပ်ပေါ်လာတယ် Earphone အပေါက်အပိုနဲ့သူ့အတွက် Volume ပါလာတာပဲရှိတာဘာမှမထူးပါဘူး အဲ့ဒီနောက် ADA GCS-5 ထပ်ပေါ်လာတယ် အဲထိ Mono ပါပဲ အသံကို Stereo ရချင်တော့ ADA GCS-2 ကိုနှစ်ခုဆောင်ထားခဲ့ရတယ် နောက်ဆုံးတော့ ADA GCS-6 (Stereo) ပေါ်လာတာပဲ ဒီ ADA GCS Di ကတကယ်တမ်းတွဲသုံးလို့အဆင်ပြေတာ Analog Pedal တွေနဲ့ပဲ Multi Guitar Effect Processors နဲ့ဆိုအဆင်မပြေဘူးနော် အသံထွက်မမှန်ဘူးလို့ပဲပြောရမှာ ကျနော်လည်းဒါတွေကိုယ်သိနားလည်သလောက်ဝေမျှခြင်းသက်သက်ပါ အသံပိုင်းဆိုင်ရာပညာရှင်အင်ဂျင်နီယာတွေလိုတော့အကျယ်တပျံ့ကြီးမသိပါဘူး ကျနော့်အနေနဲ့ဆိုရင် လူငယ်တွေကိုမဝယ်ခင် Guitar သံအမှန်ကိုသိသွားအောင် Analog Pedal နဲ့ amp+speaker တွေကိုဆိုင်တွေမှာဝယ်ဝယ်မဝယ်ဝယ်မြည်းစမ်းကြည့်စေချင်တယ်ဗျ

#mxr #zawlattrospedalboard #zawlattros #bosseffects #tcelectronic

Show more

0 Comments Sort By

No comments found

Copyrighted.com Registered & Protected