ရိုးရာမပျက်တဲ့မြေ Guitar tutorial Zaw latt ROS

12 Views
ZawLatt ROS
ZawLatt ROS
12/18/22

ကျနော်တို့ပွဲတွေအများကြီးမဟုတ်ပေမယ့်အတော်အသင့်တော့တီးခဲ့ရပါတယ် နာမည်မကြီးတဲ့သူတွေနဲ့ရော နာမည်ကြီးတဲ့သူတွေနဲ့ရော တခါတခါနာမည်ရပြီးသားသူတွေနဲ့ချည်းတီးခတ်ခွင့်ကြုံခဲ့ရသလို တခါတရံမှာလည်းအရောအနှောပေါ့ အဓိကပြောချင်တာက show အဖွင့်မှာမြူးမြူးကြွကြွနဲ့စဖွင့်ပြီးအောက်ကနားဆင်သူတွေရဲ့စိတ်ကိုတခြားလွင့်မသွားအောင်ဖမ်းစားစွဲဆောင်ထားနိုင်ဖို့ကသိပ်အရေးပါ ပါတယ် နာမည်မကြီးလို့အရင်ဆိုရပေမယ့် သူစဆိုစဖွင့်တဲ့သီချင်းဟာအရေးပါလှပါတယ်တချို့သီချင်းအနှေးကြီးတွေနဲ့စဖွင့်လို့တီးရတာတော်တော်နဲဲ့ကို mood မလာပဲအောင့်သီးအောင့်သက်လမိုင်းမကပ်သလိုခံစားရတဲ့အခါတွေနဲ့လည်းကြုံခဲ့ရပါတယ် stage show တွေကတော့အဖွင့်မြူးဖို့လိုတယ် အဆိုသမားတွေနဲ့အတီးသမားတွေတစ်ပွဲလုံးမှာဘယ်သူပြီးရင်ဘယ်သူ ဘာပြီးရင်ဘာဆိုတာသေချာစီစဉ်ထားပါမှပွဲရလဒ်ကကောင်းမှာကျနော်တို့စိုင်း ၂ စိုင်းမှာ ဦးထီးက ချစ်တဲ့ရှမ်းရိုးမ ဆိုတဲ့မြူးမြူးလေးနဲ့စဖွင့်ပြီးသူဆိုတဲ့တလျောက်လုံးလမိုင်းကပ်သွားသလို ဦးဆိုင်မောဝ်ကလည်းမှတ်မှတ်ရရဒီ ရိုးရာမပျက်တဲ့မြေ ဆိုတဲ့သီချင်းလေးနဲ့ပွဲစပွဲဆုံးပြီးလို့ပြီးသွားမှန်းမသိအောင်နားထောင်သူတွေကိုဖမ်းစားသွားနိုင်ခဲ့ပါတယ်#zawlattros #မှတ်မှတ်ရရဂီတာsoloများzawlatt #ရိုးရာမပျက်တဲ့မြေ

Show more

0 Comments Sort By

No comments found

Copyrighted.com Registered & Protected